ပရောင်းဟွန်းတောဆိတ်ကို အမေရိကန်တောဆိတ်ဟုလည်း ခေါ်တွင်သည်။ တောဆိတ် (အန်တီလုပ်) အစစ် မဟုတ်သော်လည်း အခြား ကျွဲ နွားမျိုးနှင့်စာလျှင် တောဆိတ် (အန်တီလုပ်) နှင့်ပို၍ နီးစပ်သည်။ ကမ္ဘာဟောင်းမှ တောဆိတ် (အန်တီလုပ်) အစစ်များနှင့် များစွာဆင်တူသည်။ မြောက်အမေရိကတိုက်၏ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့၏ ကုန်းတွင်းပိုင်းတွင် တွေ့ရသည်။ [၁]
ဦးချိုသည် ခေါင်းပွဖြစ်၏။ ဦးချို အဖျားဘက်တွင် သမင်ဦးချိုကဲ့သို့ ခွလျက်ရှိသည်။ ထိုတောဆိတ်သည် သမင်မျိုးကဲ့သို့ နှစ်တိုင်း ဦးချိုလဲသည်။ အမြင့်မှာ မြေကြီးမှ ပခုံးစွန်းထိ ၃ ပေပင် မပြည့်တတ်ချေ။ အမွေးအရောင်မှာ ညိုဝါရောင်ဖြစ်သည်။ မျက်နှာတွင် အမည်းကွက်များရှိ၍ လည်ပင်း၊ ရင်ပိုင်းနှင့် ဘေးဘက်များတွင် အဖြူကွက်တစ်ကွက်စီရှိသည်။ ထိုတောဆိတ်သည် အငြိမ်မနေတတ်ဘဲ အမြဲရွေ့ရှားသွားလာနေလေ့ရှိသည်။[၂]
ကနေဒါနိုင်ငံ ဆက်စကာချီဝမ်ပြည်နယ်နှင့် အယ်လ်ဘာတာပြည်နယ်တို့မှသည် တောင်ဘက်သို့ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း(မင်နီဆိုတာပြည်နယ်အနောက်တောင်ပိုင်းနှင့် တက္ကဆက်ပြည်နယ်အလယ်ပိုင်းမှသည် ကယ်လီဖိုးနီးယားပြည်နယ်အလယ် ပိုင်းအထိ) နှင့် မက္ကဆီကိုနိုင်ငံမြောက်ပိုင်းအထိ တွေ့ရသည်။ [၃] [၄] [၅] [၆]
ပရောင်းဟွန်းတောဆိတ်ကို အမေရိကန်တောဆိတ်ဟုလည်း ခေါ်တွင်သည်။ တောဆိတ် (အန်တီလုပ်) အစစ် မဟုတ်သော်လည်း အခြား ကျွဲ နွားမျိုးနှင့်စာလျှင် တောဆိတ် (အန်တီလုပ်) နှင့်ပို၍ နီးစပ်သည်။ ကမ္ဘာဟောင်းမှ တောဆိတ် (အန်တီလုပ်) အစစ်များနှင့် များစွာဆင်တူသည်။ မြောက်အမေရိကတိုက်၏ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့၏ ကုန်းတွင်းပိုင်းတွင် တွေ့ရသည်။