dcsimg
Image of Marsdenia volubilis (L. fil.) Cooke
Life » » Plants » » Dicotyledons » » Dogbane Family »

Marsdenia volubilis (L. fil.) Cooke

பெருங்குறிஞ்சா ( Tamil )

provided by wikipedia emerging languages

பெருங்குறிஞ்சா (Dregea volubilis) என்பது இந்தியாவைத் தாயகமாகக் கொண்ட அப்போசியானாசே குடும்பத் தாவரமாகும்.[1]

கொடியாக வளரும் இதன் இலை 7.5-15 செ.மீ நீளமாகவும், 5-10 செ.மீ அகலமாகவும் காணப்படும். இலையின்த அடி முனையில் கூராகக் காணப்படும். இது கொடிப்பாலை எனவும் அழைக்கப்படுகிறது.[2]

உசாத்துணை

  1. "Dregea volubilis in Tropicos".
  2. "Sneeze Wort". பார்த்த நாள் 11 செப்டம்பர் 2016.

license
cc-by-sa-3.0
copyright
விக்கிபீடியா ஆசிரியர்கள் மற்றும் ஆசிரியர்கள்

பெருங்குறிஞ்சா: Brief Summary ( Tamil )

provided by wikipedia emerging languages

பெருங்குறிஞ்சா (Dregea volubilis) என்பது இந்தியாவைத் தாயகமாகக் கொண்ட அப்போசியானாசே குடும்பத் தாவரமாகும்.

கொடியாக வளரும் இதன் இலை 7.5-15 செ.மீ நீளமாகவும், 5-10 செ.மீ அகலமாகவும் காணப்படும். இலையின்த அடி முனையில் கூராகக் காணப்படும். இது கொடிப்பாலை எனவும் அழைக்கப்படுகிறது.

license
cc-by-sa-3.0
copyright
விக்கிபீடியா ஆசிரியர்கள் மற்றும் ஆசிரியர்கள்

ခွေးတောက်ပင် ( Burmese )

provided by wikipedia emerging languages

ခွေးတောက်ပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်၍ တနင်္သာရီတောင်ပိုင်းတွင် အများအပြား တွေ့ရသည်။ အသီးသည် အတောင့်ဖြစ်၍ ကြက်သွေးရောင် ရှိသည်။ အရွက်ကို စိမ်းလဲ့လဲ့ အရောင်ရှိသော ဆိုးဆေးမျိုးလုပ်နိုင်၏။ ထိုဆိုးဆေးသည် ဆေးခိုင်သည့် လက္ခဏာ မရှိချေ။ ခွေးတောက်သားသည် ခိုင်မာ၍ လေးလံသည်။ ခွေးတောက်ရွက်သည် ခါးသက်သောအရသာရှိ၍ လူတို့ ဟင်းချိုချက်သောက်ကြသည်။

ခွေးတောက်ရွက်၏ ခါးသက်သော အရသာသည် စွဲမြဲလှသဖြင့် ခွေးတောက်မြစ်ရှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏၊ ဟူ၍ပင် စာပေတို့တွင် ဖွဲ့ဆိုထားပေသည်။ သို့သော် ခွေးတောက်သီးကိုမူ ခွေးစားမိလျှင် သေတတ်သည်ဟု ဆိုကြသည်။[၁]

ပုံသဏ္ဌာန်

ရှည်လျားသော နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံးသည် အခေါက် ဘော်ငွေရောင်ပေါ်တွင် အညိုရောင်အဖု အစက်ကလေးများ ရှိသော်လည်း ချောမွေ့၏။ ပင်စည် မှ အခက်အလက်များထွက်၍ ထပ်မံ နွယ်တက်သည်။ အရွက်သည် ရွက်ဆိုင်ထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီးရွက်ရင်းအဝိုက်များ ညီညာသည်။ ရွက်ကြော ၄ စုံမှ ၅ စုံထိ ရှိ၍ ထင်ရှားသည်။ ရွက်ပြားပြောင်ချော၍ ရွက်နားညီ၏။

အပွင့်မှာ ကြားထွက်ပန်းခိုင် ဖြစ်၍ ပန်းခိုင်မှာ ငိုက်ကျနေပြီး ထိပ်တွင် သေးငယ်၍ စိမ်းဝါရောင်ရှိသော အပွင့်များ စုပြုံ၍ ပွင့်သည်။ တစ်နှစ်ပတ်လုံး ပွင့်၏။ အသီးမှာ ကြီး၍ ပြောင်ချောပြီး ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။ အစိမ်းရောင်ရှိသည်။ အလျားလိုက်မြောင်းပါရှိသည်။ အတွင်း၌ ပြောင်ချောသော အစေ့ကလေးများရှိ၏ ။ အစေ့ထိပ်ဘက်တွင် ချည်မျှင်ကဲ့သို့သော နူးညံ့သော အမွေးကလေးများ ရှိသည်။

အသုံးဝင်ပုံ

မြန်မာဆေးကျမ်းများ အလိုအရ ခွေးတောက်သည် ခါးသက်သက်အရသာ ရှိ၏။ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏ ၊ ကြေပျက်လွယ်၏ ၊ ဓာတ် ၊ လေများကို ခိုင်မာစေ၏ ၊ သွေးကို ပွားစေ၏၊ ကာမကို အားပေး၏။ နှုတ်ကို မြိန်စေ၏။ လေကို သက်စေ၍ သလိပ်ကို ကြေစေ၏။ လည်ချောင်းနာ၊ လေရောဂါ ၊ ညောင်းကျနာ ၊ ပန်းနာ ရင်ကျပ် ၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို နိုင်၏။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။[၂]

အရွက်

  1. အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏ ။
  2. ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သား နှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏ ။
  3. အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။
  4. ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
  5. အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။
  6. ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။
  7. ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။

အမြစ်

ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. http://arogyamonline.com/commodity/materials/?raw=55
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ခွေးတောက်ပင်: Brief Summary ( Burmese )

provided by wikipedia emerging languages

ခွေးတောက်ပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်၍ တနင်္သာရီတောင်ပိုင်းတွင် အများအပြား တွေ့ရသည်။ အသီးသည် အတောင့်ဖြစ်၍ ကြက်သွေးရောင် ရှိသည်။ အရွက်ကို စိမ်းလဲ့လဲ့ အရောင်ရှိသော ဆိုးဆေးမျိုးလုပ်နိုင်၏။ ထိုဆိုးဆေးသည် ဆေးခိုင်သည့် လက္ခဏာ မရှိချေ။ ခွေးတောက်သားသည် ခိုင်မာ၍ လေးလံသည်။ ခွေးတောက်ရွက်သည် ခါးသက်သောအရသာရှိ၍ လူတို့ ဟင်းချိုချက်သောက်ကြသည်။

ခွေးတောက်ရွက်၏ ခါးသက်သော အရသာသည် စွဲမြဲလှသဖြင့် ခွေးတောက်မြစ်ရှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏၊ ဟူ၍ပင် စာပေတို့တွင် ဖွဲ့ဆိုထားပေသည်။ သို့သော် ခွေးတောက်သီးကိုမူ ခွေးစားမိလျှင် သေတတ်သည်ဟု ဆိုကြသည်။

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ