dcsimg

သစ်ကြောင် ( Burmese )

provided by wikipedia emerging languages

သစ်ကြောင်(Prionailurus bengalensis)သည် တောင်အာရှ၊ ‌အရှေ့တောင်အာရှနှင့် အရှေ့အာရှ ၏ ကုန်းပိုင်းဒေသတွင် နေထိုင်ကျက်စားသော ကြောင်ရိုင်းအငယ်စား ဖြစ်သည်။ ၂၀၀၂ ကတည်းက ၎င်းကြောင်မျိုးသည် ကျယ်ပြန့်စွာ နေထိုင်နိုင်သောကြောင့် အိုင်ယူစီအင် စာရင်းနီတွင် စိုးရိမ်စရာ အနည်းဆုံး အဖြစ် စာရင်းသွင်း ခံရသော်လည်း၊ နေထိုင်ရာ ဘုံ ပျောက်ဆုံးခြင်း၊ အချို့ မျိုးအုပ်စုများ အမဲလိုက်ခံရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံ နေရသည်။[၁]

အာရှတိုက်နှင့် ဆန်းဒါးကျွန်းများရှိ ‌သစ်ကြောင်ကို မျိုးစိတ် တခုတည်းအဖြစ် သမိုင်းကြောင်းအရ ယူဆကြသည်။ ၂၀၁၇ တွင် ဆန်းဒါးကျွန်း၌ တွေ့ရသော သစ်ကြောင်ကို သီးခြားမျိုးစိတ် ပရိုင်ယိုနေးလရပ် ဂျာဗနစစ် (Prionailurus javanensis) အဖြစ် အသိအမှတ် ပြုလိုက်သည်။[၂]

သစ်ကြောင်မျိုးစိတ်ခွဲများသည် သားမွေးအရောင်၊ အမြီးအရှည်၊ ဦးခေါင်းခွံ ပုံသဏ္ဌာန်နှင့် သွားအရွယ်အစားနှင့် ကျယ်ပြန့်စွာ ကွဲပြားသည်။[၃] တရုတ်ပြည်မှ ရှေးဟောင်း သက်သေအရ သစ်ကြောင်သည် အိမ်မွေးတိရစ္ဆာန် အဖြစ် စတင် ယဉ်ပါးသော ပထမဆုံး ကြောင်မျိုးစိတ် ဖြစ်သည်ဟု ညွှန်ပြနေသည်။[၄]

တွေ့ရှိရာအရပ်များ

သစ်ကြောင်သည် အာရှတိုက်ရှိကြောင်ရိုင်းအငယ်စားများအနက် တွေ့ရှိရာအရပ် အကျယ်ပြန့်ဆုံး ဖြစ်သည်။ ၎င်းတို့ကို ရုရှားအရှေ့ဖျားရှိ အမာဒေသမှသည် ကိုရီးယားကျွန်းဆွယ်တရုတ်ပြည်အင်ဒိုချိုင်းနားအိန္ဒိယတိုက်ငယ်တို့တွင် တွေ့ရသည်။ ယင်းတို့ကို ပါကစ္စတန်မြောက်ပိုင်းအထိ တွေ့ရသည်။[၅]ဂျပန်ပြည်တွင် ယင်းတို့ကို အီရီယိုမိုတေးကျွန်းနှင့် ကျူရှီးမားကျွန်းတို့တွင်သာ တွေ့ရသည်။ [၆][၇]

ကိုးကား

  1. Ross, J.; Brodie, J.; Cheyne, S.; Hearn, A.; Izawa, M.; Loken, B.; Lynam, A.; McCarthy, J.; Mukherjee, S.; Phan, C.; Rasphone, A. & Wilting, A. (2015). "Prionailurus bengalensis". IUCN Red List of Threatened Species. Version 2016.2. International Union for Conservation of Nature.
  2. Ross, J.; Brodie, J.; Cheyne, S.; Hearn, A.; Izawa, M.; Loken, B.; Lynam, A.; McCarthy, J.; Mukherjee, S.; Phan, C.; Rasphone, A. & Wilting, A. (2015). "Prionailurus bengalensis". IUCN Red List of Threatened Species. Version 2016.2. International Union for Conservation of Nature.
  3. Groves, C. P. (1997). "Leopard-cats, Prionailurus bengalensis (Carnivora: Felidae) from Indonesia and the Philippines, with the description of two new subspecies". Zeitschrift für Säugetierkunde. 62: 330–338.
  4. Groves, C. P. (1997). "Leopard-cats, Prionailurus bengalensis (Carnivora: Felidae) from Indonesia and the Philippines, with the description of two new subspecies". Zeitschrift für Säugetierkunde. 62: 330–338.
  5. Sunquist, M.; Sunquist, F. (2002). Wild cats of the World. Chicago: University of Chicago Press. pp. 225–232. ISBN 0-226-77999-8.
  6. Imaizumi, Y. (1967). A new genus and species of cat from Iriomote, Ryukyu Islands. Journal of Mammalian Society Japan 3(4): 74.
  7. Ministry of the Environment, Tsushima Wildlife Conservation Center (2005). National Endangered Species Tsushima Leopard Cat - English Version.
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

သစ်ကြောင်: Brief Summary ( Burmese )

provided by wikipedia emerging languages

သစ်ကြောင်(Prionailurus bengalensis)သည် တောင်အာရှ၊ ‌အရှေ့တောင်အာရှနှင့် အရှေ့အာရှ ၏ ကုန်းပိုင်းဒေသတွင် နေထိုင်ကျက်စားသော ကြောင်ရိုင်းအငယ်စား ဖြစ်သည်။ ၂၀၀၂ ကတည်းက ၎င်းကြောင်မျိုးသည် ကျယ်ပြန့်စွာ နေထိုင်နိုင်သောကြောင့် အိုင်ယူစီအင် စာရင်းနီတွင် စိုးရိမ်စရာ အနည်းဆုံး အဖြစ် စာရင်းသွင်း ခံရသော်လည်း၊ နေထိုင်ရာ ဘုံ ပျောက်ဆုံးခြင်း၊ အချို့ မျိုးအုပ်စုများ အမဲလိုက်ခံရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံ နေရသည်။

အာရှတိုက်နှင့် ဆန်းဒါးကျွန်းများရှိ ‌သစ်ကြောင်ကို မျိုးစိတ် တခုတည်းအဖြစ် သမိုင်းကြောင်းအရ ယူဆကြသည်။ ၂၀၁၇ တွင် ဆန်းဒါးကျွန်း၌ တွေ့ရသော သစ်ကြောင်ကို သီးခြားမျိုးစိတ် ပရိုင်ယိုနေးလရပ် ဂျာဗနစစ် (Prionailurus javanensis) အဖြစ် အသိအမှတ် ပြုလိုက်သည်။

သစ်ကြောင်မျိုးစိတ်ခွဲများသည် သားမွေးအရောင်၊ အမြီးအရှည်၊ ဦးခေါင်းခွံ ပုံသဏ္ဌာန်နှင့် သွားအရွယ်အစားနှင့် ကျယ်ပြန့်စွာ ကွဲပြားသည်။ တရုတ်ပြည်မှ ရှေးဟောင်း သက်သေအရ သစ်ကြောင်သည် အိမ်မွေးတိရစ္ဆာန် အဖြစ် စတင် ယဉ်ပါးသော ပထမဆုံး ကြောင်မျိုးစိတ် ဖြစ်သည်ဟု ညွှန်ပြနေသည်။

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ