သခွတ်ပင်သည် အသုရာနတ်ပြည်၏ အထိမ်းအမှတ် သစ်ပင်အဖြစ် ကျမ်းဂန်များတွင် ထင်ရှားသည်။ ကျမ်းဂန်အဆိုအရ ဘုရားအလောင်း မာဃလုလင်သည် သိကြားဖြစ်သောအခါ ရှိရင်းသိကြားကို တာဝတိံသာမှပယ်ချလိုက်ရာ မြင်းမိုရ်တောင်ခြေရှိ အသုရာ ပြည်သို့ရောက်လေ၏။ အသုရာပြည်၏ အခင်းအကျင်းတည်နေပုံသည် တာဝတိံသာနတ်ပြည်နှင့် အတူတူပင်ဖြစ်ရာ အသုရာနတ်တို့၏စိတ်၌ အသုရာ ပြည်ကို တာဝတိံသာဟုပင်ထင်မှတ်နေကြ၏။ သခွတ်ပင်များပွင့်ချိန်ရောက်မှ ပင်လယ်ကသစ်ပွင့်ရာ တာဝတိံသာနတ်ပြည်မဟုတ်မှန်းသိသဖြင့် တာဝတိံသာ သို့ စစ်ချီတက်တိုက်ခိုက်ကြလေသည်။ ယင်းသို့ နှစ်စဉ် သခွတ်ပွင့်ချိန်တွင် စစ်ချီတက်ရာ၌ မြည်သောအသံကိုမိုးထစ်ချုန်းသည်ဟု ပြောလေ့ပြောထရှိလေသည်။ ထိုကြောင့် သခွတ်ပင်သည် မိုးဦးကာလ၌ ပွင့်သည်ဟု ယူရာသည်။
သခွတ်ပင်သည် နွေအခါ၌ အရွက်ကြွေသော အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ ဗစ်နိုးနီးယားစီအီး (Bignoniaceae) မျိုးရင်းဝင်ဖြစ်၏။ ရုက္ခဗေဒအမည်အားဖြင့် ဒိုလီချန်ဒရုန်းကရစ္စပါ ဟုခေါ်သည်။ သခွတ်ပင်သည် ပေ ၄ဝ မှ ၆ဝအတွင်းမြင့်သည်။ ပါဠိဘာသာဖြင့် ဃောသာချဟုခေါ်သည်။ ယင်းမှာ ဃောကြေ၍ သာချမှ သခွတ်ဖြစ်လာသည်ဟု ဆိုကြသည်။ သခွတ်နှစ်မျိုးရှိသည်။ သခွတ်ဖိုနှင့် သခွတ်မဖြစ်သည်။ သခွတ်ဖို၏ ရုက္ခဗေဒအမည်မှာ စတီရီယိုစပါမံပါဆိုနာတမ် (Stereospermum personatum) ဟုခေါ်၍ သခွတ်မကို ဒိုလီချန်ဒရုန်းစပါသာဆီး (Dolichandrone spathacea) ဟုခေါ်သည်။ သခွတ်ဖိုပင်ကို မြန်မာနိုင်ငံ အထက်ပိုင်း၌ တွေ့ရ၍ သခွတ်မပင်ကို မြန်မာနိုင်ငံတစ်ဝှန်းလုံး၌ တွေ့ရသည်။ သခွတ်ပင်များကို အထူးသဖြင့် စစ်ကိုင်း၊ ပျဉ်းမနား၊ သံတွဲမြို့များ၌ တွေ့နိုင်သည်။
သခွတ်ပင်၏အရွက်သည် အလျားသုံးလက်မခန့်ရှိ၍ အဖျားချွန် သည်။ တစ်ခါတစ်ရံ အရွက်နှုတ်ခမ်းသားသည်ခွေးသွားစိတ်ကဲ့သို့ ဖြစ်နေတတ်သည်။ အရောင်သည် စိမ်းရင့်ရောင်ပြောင်လက်နေသည်။ ဇူလိုင်လမှအောက်တိုဘာလအတွင်း အပွင့်များပွင်သည်။ သခွတ်ပွင့်သည် မလွှပွင့် ကဲ့သို့ အဝကား၍ နံနက်စောစောအချိန် အပင်မှကြွေကျလေ့ရှိသည်။ အနီရောင် အဆင်းရှိသောအပွင့်ပွင့်သည့် သခွတ်ပင်မျိုးလည်းရှိသည်ဟု ဆေးကျမ်းများ၌ ဆိုသည်။ မြန်မာဆေးကျမ်းအလိုအရ သခွတ်ပွင့်အနီအဖြူ နှစ်မျိုးစလုံးပင် ချိုဖန်ခါးရသာရှိ၏။ အေး၏။ အစာကိုပွစေတတ်၏။ သွေးသလိပ်ကိုနိုင်၏ ဟုဆိုသည်။ သခွတ်ပွင့်ကို ပြုတ်သုတ်ချက်စားလျှင် အသံပျက်သူတို့ အသံ ထွက်လာသည်ဟု ဆိုလေသည်။[၁]
သခွတ်ပင်သည် အသုရာနတ်ပြည်၏ အထိမ်းအမှတ် သစ်ပင်အဖြစ် ကျမ်းဂန်များတွင် ထင်ရှားသည်။ ကျမ်းဂန်အဆိုအရ ဘုရားအလောင်း မာဃလုလင်သည် သိကြားဖြစ်သောအခါ ရှိရင်းသိကြားကို တာဝတိံသာမှပယ်ချလိုက်ရာ မြင်းမိုရ်တောင်ခြေရှိ အသုရာ ပြည်သို့ရောက်လေ၏။ အသုရာပြည်၏ အခင်းအကျင်းတည်နေပုံသည် တာဝတိံသာနတ်ပြည်နှင့် အတူတူပင်ဖြစ်ရာ အသုရာနတ်တို့၏စိတ်၌ အသုရာ ပြည်ကို တာဝတိံသာဟုပင်ထင်မှတ်နေကြ၏။ သခွတ်ပင်များပွင့်ချိန်ရောက်မှ ပင်လယ်ကသစ်ပွင့်ရာ တာဝတိံသာနတ်ပြည်မဟုတ်မှန်းသိသဖြင့် တာဝတိံသာ သို့ စစ်ချီတက်တိုက်ခိုက်ကြလေသည်။ ယင်းသို့ နှစ်စဉ် သခွတ်ပွင့်ချိန်တွင် စစ်ချီတက်ရာ၌ မြည်သောအသံကိုမိုးထစ်ချုန်းသည်ဟု ပြောလေ့ပြောထရှိလေသည်။ ထိုကြောင့် သခွတ်ပင်သည် မိုးဦးကာလ၌ ပွင့်သည်ဟု ယူရာသည်။
သခွတ်ပင်သည် နွေအခါ၌ အရွက်ကြွေသော အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ ဗစ်နိုးနီးယားစီအီး (Bignoniaceae) မျိုးရင်းဝင်ဖြစ်၏။ ရုက္ခဗေဒအမည်အားဖြင့် ဒိုလီချန်ဒရုန်းကရစ္စပါ ဟုခေါ်သည်။ သခွတ်ပင်သည် ပေ ၄ဝ မှ ၆ဝအတွင်းမြင့်သည်။ ပါဠိဘာသာဖြင့် ဃောသာချဟုခေါ်သည်။ ယင်းမှာ ဃောကြေ၍ သာချမှ သခွတ်ဖြစ်လာသည်ဟု ဆိုကြသည်။ သခွတ်နှစ်မျိုးရှိသည်။ သခွတ်ဖိုနှင့် သခွတ်မဖြစ်သည်။ သခွတ်ဖို၏ ရုက္ခဗေဒအမည်မှာ စတီရီယိုစပါမံပါဆိုနာတမ် (Stereospermum personatum) ဟုခေါ်၍ သခွတ်မကို ဒိုလီချန်ဒရုန်းစပါသာဆီး (Dolichandrone spathacea) ဟုခေါ်သည်။ သခွတ်ဖိုပင်ကို မြန်မာနိုင်ငံ အထက်ပိုင်း၌ တွေ့ရ၍ သခွတ်မပင်ကို မြန်မာနိုင်ငံတစ်ဝှန်းလုံး၌ တွေ့ရသည်။ သခွတ်ပင်များကို အထူးသဖြင့် စစ်ကိုင်း၊ ပျဉ်းမနား၊ သံတွဲမြို့များ၌ တွေ့နိုင်သည်။
သခွတ်ပင်၏အရွက်သည် အလျားသုံးလက်မခန့်ရှိ၍ အဖျားချွန် သည်။ တစ်ခါတစ်ရံ အရွက်နှုတ်ခမ်းသားသည်ခွေးသွားစိတ်ကဲ့သို့ ဖြစ်နေတတ်သည်။ အရောင်သည် စိမ်းရင့်ရောင်ပြောင်လက်နေသည်။ ဇူလိုင်လမှအောက်တိုဘာလအတွင်း အပွင့်များပွင်သည်။ သခွတ်ပွင့်သည် မလွှပွင့် ကဲ့သို့ အဝကား၍ နံနက်စောစောအချိန် အပင်မှကြွေကျလေ့ရှိသည်။ အနီရောင် အဆင်းရှိသောအပွင့်ပွင့်သည့် သခွတ်ပင်မျိုးလည်းရှိသည်ဟု ဆေးကျမ်းများ၌ ဆိုသည်။ မြန်မာဆေးကျမ်းအလိုအရ သခွတ်ပွင့်အနီအဖြူ နှစ်မျိုးစလုံးပင် ချိုဖန်ခါးရသာရှိ၏။ အေး၏။ အစာကိုပွစေတတ်၏။ သွေးသလိပ်ကိုနိုင်၏ ဟုဆိုသည်။ သခွတ်ပွင့်ကို ပြုတ်သုတ်ချက်စားလျှင် အသံပျက်သူတို့ အသံ ထွက်လာသည်ဟု ဆိုလေသည်။
Quao nước (danh pháp khoa học: Dolichandrone spathacea) [1] là một loài thực vật có hoa trong họ Chùm ớt. Loài này được (L.f.) Seem. miêu tả khoa học đầu tiên năm 1863.[2]
Quao nước (danh pháp khoa học: Dolichandrone spathacea) là một loài thực vật có hoa trong họ Chùm ớt. Loài này được (L.f.) Seem. miêu tả khoa học đầu tiên năm 1863.