ကြစု ခေါ် ဖန်ခါးငယ် သည် အပင် ပင်ကြီးမျိုးဖြစ်၏။ ပေ ၆၀ မှ ၈၀ အထိမြင့်သည်။ ဖန်ခါးထက် ပင်စည်ပိုဖြောင့်သည်။ အရွက်သည် ရွက်ဆိုင်ထွက်သည်။ ၃-၆ လက်မအထိ ရှည်၍ အရွက်ရင်းများ ပြောက်ချောတောက်ပသည်။ လှံစွပ်ပုံဗြက်ကျယ်၍ ရှည်မျောမျောထိပ်ချွန်ဖြစ်သည်။ ရွက်ညှာ ၁/၂ လက်မခန့် ရှည်သည်။ အရွက်နားချောသည်။ အပွင့်မှာ သေးငယ်သည်။ ဝါမှိုင်းမှိုင်း အရောင်ရှိသည်။ ပွင့်ညှာမဲ့ပြီး တစ်ပင်တည်း တွင် အဖိုပွင့်၊ အမပွင့် ပါရှိသည်။ တန်ခူး၊ ကဆုန်လတွင် ပွင့်သည်။ အသီးမှာ ၂ လက်မနီးပါးရှိ၍ ရှည်မျောမျော မှ လှံစွပ်ပုံ အထိရှိသည်။ ဖန်ခါးသီးထက် ငယ်သည်။ ၅ ထောင့် ရှိသည်။ ဆောင်းရာသီတွင် သီးမှည့်သည်။
မြန်မာနိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။
မြန်မာဆေးကျမ်းများ အလိုအရ ကြစုသီးသည် ချဉ်၊ ဖန်၊ ခါး၊ ဆိမ့်၊ စပ်သော အရသာငါးမျိုးရှိ၏။ အဖန်သည် အားအကြီးဆုံးဖြစ်၏။ ဝမ်းမီးကို တောက်စေ၍ သွေးသောက်လျှင် ဝမ်း သက်၏။ ပြုတ်စားလျှင် ဝမ်းချုပ်၏။ ဖျော်စားလျှင် လေ၊ သွေး၊ သည်းခြေ ဒေါသသုံးပါးကို နိုင်၏။ အသက်ကို ရှည်စေ၏။ မျက်စိနာနှင့် သင့်၍ အသံကို ကောင်းစေ၏။