dcsimg

သပွတ်ပင် ( Burmese )

provided by wikipedia emerging languages
 src=
ခြံသည်းရိုးကို တွယ်တက်နေသော သပွတ်ပင်

သပွတ်ပင်အမည်ခံ အပင်အမျိုးမျိုး ရှိသည့်အနက် အနွယ်ပင်ဖြစ်သောသပွတ်သည် ကျူကာဗီတေစီအီး(Cucurbitaceae) မျိုးရင်းတွင်ပါဝင်၍ ခဝဲ(Luffa acutangula)၊ ပဲလင်းမြွေ(Trichosanthes cucumerina)၊ ဘူးဖရုံ(Cucurbita maxima နှင့် Cucurbita pepo)၊ သခွားတို့နှင့်မျိုးရင်းတူဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် လွတ်ဖါးအီဂျစ်တီးကား(Luffa aegyptiaca)ဟုခေါ်သည်။ အာရှတိုက် အပူပိုင်း ဒေသများ၌မူလပေါက်ရောက်ခဲ့ရာမှ အနွေးပိုင်းဒေသများ သို့လည်းမျိုးပြန့်ခဲ့သည်။ မြန်မာနိုင်ငံတွင် အလွယ်တကူ စိုက်ပျိူးဖြစ်ထွန်း၍ အချို့အရပ်ဒေသများတွင်အလေ့ကျ ပေါက် ရောက်လေသည်။

သပွတ်နွယ်ကို နှစ်စဉ်စိုက်ပျိုးရ၍ ထိုနွယ်ပင်သည် နှစ်ခုသို့မဟုတ် ထိုထက်ပိုမိုသော နွယ်နှာမောင်းများဖြင့် စင်ကိုဖြစ်စေ၊အခြားအပင်များကိုဖြစ်စေ လိမ်ယှက်တွယ်ကပ် ပေါက်ရောက်သည်။ အရွက်များသည် ရွက်လွှဲထွက် ကြသည်။ အရင်းကား၍အဖျားရှူးကာ ငါးထောင့်ချွန်း ပုံသဏ္ဍန်ရှိသော ထိုအရွက်များသည် အတန်ငယ်ဟိုက်၍ နှုတ်ခမ်းသားတွင် ခွေးသွားစိတ်ကလေးများရှိသည်။ နှစ်လက်မခန့်ရှိသော ရွက်ညှာရှိသည့်နေရာတွင် အရွက်သည်ချိုင့်ဝင်နေသည်။ အရွက် ၏အောက်ဘက်ရှိ အကြောများပေါ်တွင် မွေးနုကလေး များရှိသည်။

သပွတ်နွယ်ပင်မှ အဖိုအမနှစ်မျိုးလုံး သီးခြားအပွင့်ပွင့် ကြသည်။ အပွင့်များသည်အဝါရောင်ဖြစ်၍ အမွေးနု ကလေး များရှိသောအကြောစိမ်းကလေးများပေါ်နေသည်။ သပွတ်သီးသည် အလျားငါးလက်မမှ၁၂ လက်မ အထိရှည်၍တင်းပုတ်ပုံသဏ္ဍန်ရှိသည်။ ခဝဲသီးနှင့်ဆင်ဆင် တူသော်လည်းခဝဲသီးကဲ့သို့စောင်းများမရှိချေ။ အချို့က ခဝဲသီးကို သပွတ်ခဝဲဟုခေါ်ကြသည်။ ခဝဲသီးကဲ့သို့ အတွင်းသား များသည် ဖြူဖွေးနေ၍အသားပွပြီးလျှင် အရည်ရွမ်းသည်။ အစေ့များသည် လက်မဝက်ခန့် အထိရှည်၍ အတန်ငယ် ပြားပြီးလျှင် သေးငယ်သော ဘေးသားရှိလေသည်။ ( ခဝဲ။) သပွတ်သီးနုနုများကိုအခွံသင်၍ကြော်ချက်ဖြစ်စေ ဟင်းချိုဖြစ်စေ ချက်ပြုတ်စားကြသည်။ အညွှန့်များကို အတို့ အဖြစ်သုံးဆောင်ကြသည်။ အညွန့်များ၊ အရွက်များကို ဟင်းအဖြစ်လည်း ချက်ပြုတ်စားသောက်ကြသည်။ အချို့ကျေးလက်နေသူများသည် သပွတ်အူ အခြောက်ကို အိုးခွက်ပန်းကန် ဆေးကြောတိုက်ချွတ်ရာတွင် အသုံးပြုကြသည်။မြန်မာဆေးကျမ်းများအလိုအရ သပွတ်သီးသည် ချိုသည်။ အေးသည်။ လေသလိတ် ကိုပျက်စေသည်။ သည်းခြေကိုနိုင်သည်။ ဝမ်းမီးကိုတောက်စေတတ်သည်။ ချောင်းဆိုးနာ၊ ပန်းနာ၊ အဖျားနာ၊ ပိုးနာ တို့ကိုနိုင်သည်ဟုဆိုလေသည်။ မျိုးစိတ်ချင်း အတန်ငယ်ကွဲပြားသော သပွတ်နွယ်ပင်များရှိကြရာ အထက်ဖေါ်ပြပါ သပွတ်မျိုးကို သပွတ်ချိုဟု လည်းခေါ်သည်။ ထိုပြင်ဟင်းချက်သည့်အခါ အလွန်မွေးကြိုင်သော သပွတ်မွေးသီး၊ ဟင်းချက်သည့်အခါ စား၍မရ လောက်အောင် ပင်ခါးသည့် သပွတ်ခါးသီး စသည်တို့လည်းရှိကြသည်။ အရိုင်းပင်မျိုးမှ သပွတ်သီး စသည်ခါးသည်။ အသီးများတွင် ဆက်ပိုနင်ဓာတ်နှင့် မျူစင်ဓာတ်တို့ပါဝင်သည်။ အသီး၏အရည်သည် ဝမ်းသွားစေ၍ အဆိပ်လည်းဖြစ်တတ်သည်။ အိန္ဒိယဆေးကျမ်းများအရ အစေ့များ၌ အန်စေတတ်သော သတ္တိ၊ ဝမ်းလျှောစေတတ်သော သတ္တိ၊ ရှိသည် ဟုဆို လေသည်။သပွတ်သီးများရင့်လာသည့်အခါ အတွင်းသား၏ အမျှင်များသည် မာကျော၍ စာပေါင်းသိုက်သဖွယ်ဖြစ်လာ သည်။ ထိုအမျှင်များကို သပွတ်အူဟုခေါ်ကြသည်။ ထို့ကြောင့် ပြဿနာတစ်ခုခုရှုပ်ထွေးနေလျှင် သပွတ်အူ လိုက်နေ သည်ဟု မြန်မာတို့ခိုင်းနှိုင်းပြောဆိုလေ့ရှိကြသည်။ အသီးရင့်၏အခွံကိုခွာ၍ အသီးတောင့်ပုံသဏ္ဌာန်အတိုင်း ရှိနေ သောအမျှင်များကို တိုက်ချွတ်ဆေးကြောရာ၌ အသုံးပြုသည်။ ဂျပန်နိုင်ငံသည် သပွတ်အူများကို ထွက်ကုန်ပစ္စည်းတစ် ရပ်အဖြစ် လုပ်ကိုင်လေသည်။ သပွတ်အမည်ခံသော သစ်ပင်များရှိသည့်အနက် သပွတ်ကြီးသပွတ်နက်သပွတ်သိမ်တို့သည် အနိုနေစီအီး(Annonaceae) မျိုးရင်းပင်ဖြစ်ကြသည်။ သပွတ်ကြီးသည်0x100သဇာ၊ သင်္ဘောတည်ပင်တို့နှင့်မျိုးရင်းချင်းတူသည်။ ရုက္ခဗေဒအမည်အားဖြင့်သပွတ်ကြီးကို မီလီယူဆာဗဲလျူတီနား(Miliusa velutina)ဟု ခေါ်သည်။ ပေ ၃ဝ မှ ၄ဝအထိအမြင့်ရှိနိုင်သောအပင်လတ် စားဖြစ်ပြီးလျှင် ရွက်ကြွေပင်မျိုးလည်းဖြစ်သည်။ ထိုအပင် များကို အထက်နှင့်အောက်မြန်မာနိုင်ငံ မြေပြန့်တော များတွင် တွေ့ရလေသည်။

သပွတ်ကြီးပင်၏ အကိုင်းအလက်များတွင် လည်းကောင်း၊ အရွက်များတွင်လည်းကောင်း၊ မွေးနုကလေးများ ဖုံးလွှမ်းနေသည်။ အရွက်၏ပုံသဏ္ဌာန်သည် ရှည်လျားလျား ဘဲဥပုံဖြစ်သည်။ အလျားသုံးလက်မမှ ကိုးလက်မအထိ ရှည်နိုင်၍ ဗြက်အကျယ် နှစ်လက်မမှလေးလက်မ အထိရှိနိုင်လေသည်။ အရွက်ညှာတံကိုပွတ်ချေလိုက်လျှင် မွှန်သော အနံ့တစ်မျိုး ထွက်လာလေသည်။ သပွတ်ကြီးပင် မှ ပွင့်ညှာတံရှိသော တစ်ပင်တိုင်ပန်းခိုင်မျိုးပွင့်သည်။ ယင်းတို့သည် နှစ်လက်မမှ ခြောက်လက်မအထိရှည်၍ အဝါရောင်ဖျော့ဖျော့ဖြစ်လေသည်။

ဖေဖော်ဝါရီလမှ မတ်လ အတွင်းအရွက်ကြွေ၍ မတ်လ မှ မေလ အတွင်း၌ရွက်သစ်ထွက်သည်။ ဇွန်လနှင့် ဇူလိုင်လတွင်အသီးများမှည့်သည်။ အသီးမှည့်သည် အချင်းလက်မဝက်ခန့်ရှိ၍ ထိပ်လုံးကာအစေ့နှစ်စေ့ပါသည်။ အိန္ဒိယနိုင်ငံတွင် သပွတ်ကြီးအသီးကို အချို့စားသုံးကြသည်။ အရွက်များကိုမူ ကျွဲစာ နွားစာအဖြစ်အသုံးချကြသည်။ သပွတ်ကြီးပင်၏အသားသည် မီးခိုးရောင်၊သို့မဟုတ်မွဲပြာပြာဖြစ်သည်။ အတော်အသင့်မာ၍ ခွဲစိတ်ရန်လွယ်ကူသော်လည်းလိမ်ကောက်သွားတတ် လေသည်။ အသားသေအောင်အခြောက်ခံထားရပြီးလျှင် သစ်သားကုဗတစ်ပေ သည် ၄၅ ပေါင်ခန့်လေးသည်။ သပွတ်သားကို တဲအိမ်၊ လှည်းယာဉ်၊ ထမ်းပိုး၊ လှော်တက်နှင့်လှံရိုးများပြုလုပ်ကြသည်။ တူနှင့်ပေါက်ချွန်း လက်ကိုင်ရိုးပြုလုပ်ရန်လည်း သင့်တော်သော အသားမျိုးဖြစ်လေသည်။ သပွတ်အမည်ခံ သစ်ပင်တစ်မျိုးဖြစ်သော သပွတ်နက်ကို ရုက္ခဗေဒအမည်အားဖြင့်မိုင်ထရိဖိုရာမအင်ဂယီ(Mitrephora maingayi, syn. M. teysmannii)ဟုခေါ်သည်။ အထက်မြန်မာနိုင်ငံတွင် တွေ့ရသောအတော်အသင့်ကြီးသည့် အပင်မျိုးဖြစ်သည်။ မလ္လာယုကျွန်းဆွယ်နှင့် ဂျားဗားကျွန်း တို့တွင်လည်း ပေါက်ရောက်သည်။ သပွတ်နက်ပင်၏ အကိုင်းငယ်များပေါ်တွင် သံချေးရောင် မွေးနုကလေးများရှိသည်။ အရွက်၏ ပုံသဏ္ဌာန်သည် အဖျားရှူးသောဘဲဥပုံမျိုးဖြစ်၍ သုံးလက်မမှခုနှစ်လက်မ လောက်အထိရှည်ပြီးလျှင် ၁၁/၄ လက်မ မှ၂၁/၂ လက်မအထိဗြက်ကျယ်သည်။ အရွက်သည် တောင့်တောင့် ကလေးနေ၍ အရွက်ရောင် သည် အစိမ်းရောင် ဖျော့သည်။ အရွက်၏အောက်ဘက် တွင်အကြောမြွာတို့သည် ထင်ထင်ရှားရှား ပေါ်နေကြ၍ အကြောများခြောက်စုံမှ ၁၂ စုံအထိ ပါရှိတတ်လေသည်။ ရွက်ညှာတံတွင် မွေးနုကလေးများ ရှိလေသည်။ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း အဝါရောင်တွင် အနီကွက်ကလေးများပါသည့် လှပသော ပန်းပွင့်များ ပွင့်သည်။ အပွင့်၏ပွင့်ချပ်သည်အနံအလျားညီတူဖြစ်၍ အပြင်သားတွင် မွေးနုများရှိသည်။ ပွင့်ဖတ်တွင်လည်း အမွေးနုကလေးများ ရှိလေရာထိုအမွေးနုကလေးများသည် ပွင့်ဖတ်တစ်ခုနှင့် တစ်ခုကိုဆက်စပ်ထားလေသည်။ ပွင့်ဖတ်၏အနားသည် အတွန့်ကလေးများ ဖြစ်လေသည်။ သပွတ်နက်၏ အသီးသည် မှည့်သည့်အခါ တစ်လက်မခန့်ရှည်၍ ထိပ်ချွန်သောဘဲဥပုံဖြစ်သည်။ အသီးတွင် မွေးနုကလေးများ ဖုံးလွှမ်းလျက်ရှိ၍ အသီးတစ်လုံးတွင် အစေ့လေးစေ့ပါဝင်လေသည်။ သပွတ်အမည်ခံ အခြားအပင်တစ်မျိုးဖြစ်သော သပွတ်သိမ်၏ရုက္ခဗေဒအမည်မှာမီလီယူဆာရော့ဇဗာဂျီယာနာ(Miliusa roxburghiana) ဖြစ်သည်။ သပွတ်သိမ်ပင်များကိုမြန်မာနိုင်ငံ၊ဆစ်ကင်ပြည်နယ်၊ အာသံပြည်နယ်နှင့် ခါစီတောင်တန်းတို့တွင် အမြင့်ပေ ၂ဝဝဝရှိဒေသများအထိ ပေါက်ရောက်သည်ကိုတွေ့ရသည်။ ထိုအပင်မျိုးသည်အမြင့်ပေ ၅ဝ အထိကြီးမားနိုင်ကြသည်။ အကိုင်းနုများတွင် နူးညံ့သောအမွေးများရှိသည်။အရွက်သည် ရှည်လျားလျားဖြစ်၍ လှံသွားကဲ့သို့ ထိပ်ချွန်သော ပုံသဏ္ဌာန်ရှိသည်။ အရွက်၏အလျားသည် သုံးလက်မ မှခြောက်လက်မအထိရှိ၍ ဗြက်အကျယ် တစ်လက်မမှ နှစ်လက်မအထိဖြစ်သည်။ အရွက်၏ အပေါ်ဘက်သည် ပြောင်ချော နေ၍ အောက်ဘက်တွင်မူ အမွေးနုများ ရှိလေသည်။ အပွင့်တွင်ပွင့်ချပ်သုံးခုပါရှိရာ ယင်းတို့သည် အစိမ်းရောင်ဖြစ်သည်။ အပွင့်၏အပြင်ပွင့်ဖတ်တို့သည် အစိမ်း ရောင်ဖြစ်သော်လည်း အတွင်းပွင့်ဖတ်တို့သည် အစိမ်းရင့်နှင့် အနီရောင်ရောနှောနေသည်။ အသီးမှည့်တို့သည် လုံးဝန်း၍ အချင်း ၁/၄ လက်မရှိသည်။ အသီးတစ်လုံးတွင် အစေ့တစ်ခု၊ တစ်ခါတစ်ရံနှစ်ခုပါတတ်လေသည်။ [၁]

ရုပ်ပုံများ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

သပွတ်ပင်: Brief Summary ( Burmese )

provided by wikipedia emerging languages
 src= ခြံသည်းရိုးကို တွယ်တက်နေသော သပွတ်ပင်

သပွတ်ပင်အမည်ခံ အပင်အမျိုးမျိုး ရှိသည့်အနက် အနွယ်ပင်ဖြစ်သောသပွတ်သည် ကျူကာဗီတေစီအီး(Cucurbitaceae) မျိုးရင်းတွင်ပါဝင်၍ ခဝဲ(Luffa acutangula)၊ ပဲလင်းမြွေ(Trichosanthes cucumerina)၊ ဘူးဖရုံ(Cucurbita maxima နှင့် Cucurbita pepo)၊ သခွားတို့နှင့်မျိုးရင်းတူဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် လွတ်ဖါးအီဂျစ်တီးကား(Luffa aegyptiaca)ဟုခေါ်သည်။ အာရှတိုက် အပူပိုင်း ဒေသများ၌မူလပေါက်ရောက်ခဲ့ရာမှ အနွေးပိုင်းဒေသများ သို့လည်းမျိုးပြန့်ခဲ့သည်။ မြန်မာနိုင်ငံတွင် အလွယ်တကူ စိုက်ပျိူးဖြစ်ထွန်း၍ အချို့အရပ်ဒေသများတွင်အလေ့ကျ ပေါက် ရောက်လေသည်။

သပွတ်နွယ်ကို နှစ်စဉ်စိုက်ပျိုးရ၍ ထိုနွယ်ပင်သည် နှစ်ခုသို့မဟုတ် ထိုထက်ပိုမိုသော နွယ်နှာမောင်းများဖြင့် စင်ကိုဖြစ်စေ၊အခြားအပင်များကိုဖြစ်စေ လိမ်ယှက်တွယ်ကပ် ပေါက်ရောက်သည်။ အရွက်များသည် ရွက်လွှဲထွက် ကြသည်။ အရင်းကား၍အဖျားရှူးကာ ငါးထောင့်ချွန်း ပုံသဏ္ဍန်ရှိသော ထိုအရွက်များသည် အတန်ငယ်ဟိုက်၍ နှုတ်ခမ်းသားတွင် ခွေးသွားစိတ်ကလေးများရှိသည်။ နှစ်လက်မခန့်ရှိသော ရွက်ညှာရှိသည့်နေရာတွင် အရွက်သည်ချိုင့်ဝင်နေသည်။ အရွက် ၏အောက်ဘက်ရှိ အကြောများပေါ်တွင် မွေးနုကလေး များရှိသည်။

သပွတ်နွယ်ပင်မှ အဖိုအမနှစ်မျိုးလုံး သီးခြားအပွင့်ပွင့် ကြသည်။ အပွင့်များသည်အဝါရောင်ဖြစ်၍ အမွေးနု ကလေး များရှိသောအကြောစိမ်းကလေးများပေါ်နေသည်။ သပွတ်သီးသည် အလျားငါးလက်မမှ၁၂ လက်မ အထိရှည်၍တင်းပုတ်ပုံသဏ္ဍန်ရှိသည်။ ခဝဲသီးနှင့်ဆင်ဆင် တူသော်လည်းခဝဲသီးကဲ့သို့စောင်းများမရှိချေ။ အချို့က ခဝဲသီးကို သပွတ်ခဝဲဟုခေါ်ကြသည်။ ခဝဲသီးကဲ့သို့ အတွင်းသား များသည် ဖြူဖွေးနေ၍အသားပွပြီးလျှင် အရည်ရွမ်းသည်။ အစေ့များသည် လက်မဝက်ခန့် အထိရှည်၍ အတန်ငယ် ပြားပြီးလျှင် သေးငယ်သော ဘေးသားရှိလေသည်။ ( ခဝဲ။) သပွတ်သီးနုနုများကိုအခွံသင်၍ကြော်ချက်ဖြစ်စေ ဟင်းချိုဖြစ်စေ ချက်ပြုတ်စားကြသည်။ အညွှန့်များကို အတို့ အဖြစ်သုံးဆောင်ကြသည်။ အညွန့်များ၊ အရွက်များကို ဟင်းအဖြစ်လည်း ချက်ပြုတ်စားသောက်ကြသည်။ အချို့ကျေးလက်နေသူများသည် သပွတ်အူ အခြောက်ကို အိုးခွက်ပန်းကန် ဆေးကြောတိုက်ချွတ်ရာတွင် အသုံးပြုကြသည်။မြန်မာဆေးကျမ်းများအလိုအရ သပွတ်သီးသည် ချိုသည်။ အေးသည်။ လေသလိတ် ကိုပျက်စေသည်။ သည်းခြေကိုနိုင်သည်။ ဝမ်းမီးကိုတောက်စေတတ်သည်။ ချောင်းဆိုးနာ၊ ပန်းနာ၊ အဖျားနာ၊ ပိုးနာ တို့ကိုနိုင်သည်ဟုဆိုလေသည်။ မျိုးစိတ်ချင်း အတန်ငယ်ကွဲပြားသော သပွတ်နွယ်ပင်များရှိကြရာ အထက်ဖေါ်ပြပါ သပွတ်မျိုးကို သပွတ်ချိုဟု လည်းခေါ်သည်။ ထိုပြင်ဟင်းချက်သည့်အခါ အလွန်မွေးကြိုင်သော သပွတ်မွေးသီး၊ ဟင်းချက်သည့်အခါ စား၍မရ လောက်အောင် ပင်ခါးသည့် သပွတ်ခါးသီး စသည်တို့လည်းရှိကြသည်။ အရိုင်းပင်မျိုးမှ သပွတ်သီး စသည်ခါးသည်။ အသီးများတွင် ဆက်ပိုနင်ဓာတ်နှင့် မျူစင်ဓာတ်တို့ပါဝင်သည်။ အသီး၏အရည်သည် ဝမ်းသွားစေ၍ အဆိပ်လည်းဖြစ်တတ်သည်။ အိန္ဒိယဆေးကျမ်းများအရ အစေ့များ၌ အန်စေတတ်သော သတ္တိ၊ ဝမ်းလျှောစေတတ်သော သတ္တိ၊ ရှိသည် ဟုဆို လေသည်။သပွတ်သီးများရင့်လာသည့်အခါ အတွင်းသား၏ အမျှင်များသည် မာကျော၍ စာပေါင်းသိုက်သဖွယ်ဖြစ်လာ သည်။ ထိုအမျှင်များကို သပွတ်အူဟုခေါ်ကြသည်။ ထို့ကြောင့် ပြဿနာတစ်ခုခုရှုပ်ထွေးနေလျှင် သပွတ်အူ လိုက်နေ သည်ဟု မြန်မာတို့ခိုင်းနှိုင်းပြောဆိုလေ့ရှိကြသည်။ အသီးရင့်၏အခွံကိုခွာ၍ အသီးတောင့်ပုံသဏ္ဌာန်အတိုင်း ရှိနေ သောအမျှင်များကို တိုက်ချွတ်ဆေးကြောရာ၌ အသုံးပြုသည်။ ဂျပန်နိုင်ငံသည် သပွတ်အူများကို ထွက်ကုန်ပစ္စည်းတစ် ရပ်အဖြစ် လုပ်ကိုင်လေသည်။ သပွတ်အမည်ခံသော သစ်ပင်များရှိသည့်အနက် သပွတ်ကြီးသပွတ်နက်သပွတ်သိမ်တို့သည် အနိုနေစီအီး(Annonaceae) မျိုးရင်းပင်ဖြစ်ကြသည်။ သပွတ်ကြီးသည်0x100သဇာ၊ သင်္ဘောတည်ပင်တို့နှင့်မျိုးရင်းချင်းတူသည်။ ရုက္ခဗေဒအမည်အားဖြင့်သပွတ်ကြီးကို မီလီယူဆာဗဲလျူတီနား(Miliusa velutina)ဟု ခေါ်သည်။ ပေ ၃ဝ မှ ၄ဝအထိအမြင့်ရှိနိုင်သောအပင်လတ် စားဖြစ်ပြီးလျှင် ရွက်ကြွေပင်မျိုးလည်းဖြစ်သည်။ ထိုအပင် များကို အထက်နှင့်အောက်မြန်မာနိုင်ငံ မြေပြန့်တော များတွင် တွေ့ရလေသည်။

သပွတ်ကြီးပင်၏ အကိုင်းအလက်များတွင် လည်းကောင်း၊ အရွက်များတွင်လည်းကောင်း၊ မွေးနုကလေးများ ဖုံးလွှမ်းနေသည်။ အရွက်၏ပုံသဏ္ဌာန်သည် ရှည်လျားလျား ဘဲဥပုံဖြစ်သည်။ အလျားသုံးလက်မမှ ကိုးလက်မအထိ ရှည်နိုင်၍ ဗြက်အကျယ် နှစ်လက်မမှလေးလက်မ အထိရှိနိုင်လေသည်။ အရွက်ညှာတံကိုပွတ်ချေလိုက်လျှင် မွှန်သော အနံ့တစ်မျိုး ထွက်လာလေသည်။ သပွတ်ကြီးပင် မှ ပွင့်ညှာတံရှိသော တစ်ပင်တိုင်ပန်းခိုင်မျိုးပွင့်သည်။ ယင်းတို့သည် နှစ်လက်မမှ ခြောက်လက်မအထိရှည်၍ အဝါရောင်ဖျော့ဖျော့ဖြစ်လေသည်။

ဖေဖော်ဝါရီလမှ မတ်လ အတွင်းအရွက်ကြွေ၍ မတ်လ မှ မေလ အတွင်း၌ရွက်သစ်ထွက်သည်။ ဇွန်လနှင့် ဇူလိုင်လတွင်အသီးများမှည့်သည်။ အသီးမှည့်သည် အချင်းလက်မဝက်ခန့်ရှိ၍ ထိပ်လုံးကာအစေ့နှစ်စေ့ပါသည်။ အိန္ဒိယနိုင်ငံတွင် သပွတ်ကြီးအသီးကို အချို့စားသုံးကြသည်။ အရွက်များကိုမူ ကျွဲစာ နွားစာအဖြစ်အသုံးချကြသည်။ သပွတ်ကြီးပင်၏အသားသည် မီးခိုးရောင်၊သို့မဟုတ်မွဲပြာပြာဖြစ်သည်။ အတော်အသင့်မာ၍ ခွဲစိတ်ရန်လွယ်ကူသော်လည်းလိမ်ကောက်သွားတတ် လေသည်။ အသားသေအောင်အခြောက်ခံထားရပြီးလျှင် သစ်သားကုဗတစ်ပေ သည် ၄၅ ပေါင်ခန့်လေးသည်။ သပွတ်သားကို တဲအိမ်၊ လှည်းယာဉ်၊ ထမ်းပိုး၊ လှော်တက်နှင့်လှံရိုးများပြုလုပ်ကြသည်။ တူနှင့်ပေါက်ချွန်း လက်ကိုင်ရိုးပြုလုပ်ရန်လည်း သင့်တော်သော အသားမျိုးဖြစ်လေသည်။ သပွတ်အမည်ခံ သစ်ပင်တစ်မျိုးဖြစ်သော သပွတ်နက်ကို ရုက္ခဗေဒအမည်အားဖြင့်မိုင်ထရိဖိုရာမအင်ဂယီ(Mitrephora maingayi, syn. M. teysmannii)ဟုခေါ်သည်။ အထက်မြန်မာနိုင်ငံတွင် တွေ့ရသောအတော်အသင့်ကြီးသည့် အပင်မျိုးဖြစ်သည်။ မလ္လာယုကျွန်းဆွယ်နှင့် ဂျားဗားကျွန်း တို့တွင်လည်း ပေါက်ရောက်သည်။ သပွတ်နက်ပင်၏ အကိုင်းငယ်များပေါ်တွင် သံချေးရောင် မွေးနုကလေးများရှိသည်။ အရွက်၏ ပုံသဏ္ဌာန်သည် အဖျားရှူးသောဘဲဥပုံမျိုးဖြစ်၍ သုံးလက်မမှခုနှစ်လက်မ လောက်အထိရှည်ပြီးလျှင် ၁၁/၄ လက်မ မှ၂၁/၂ လက်မအထိဗြက်ကျယ်သည်။ အရွက်သည် တောင့်တောင့် ကလေးနေ၍ အရွက်ရောင် သည် အစိမ်းရောင် ဖျော့သည်။ အရွက်၏အောက်ဘက် တွင်အကြောမြွာတို့သည် ထင်ထင်ရှားရှား ပေါ်နေကြ၍ အကြောများခြောက်စုံမှ ၁၂ စုံအထိ ပါရှိတတ်လေသည်။ ရွက်ညှာတံတွင် မွေးနုကလေးများ ရှိလေသည်။ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း အဝါရောင်တွင် အနီကွက်ကလေးများပါသည့် လှပသော ပန်းပွင့်များ ပွင့်သည်။ အပွင့်၏ပွင့်ချပ်သည်အနံအလျားညီတူဖြစ်၍ အပြင်သားတွင် မွေးနုများရှိသည်။ ပွင့်ဖတ်တွင်လည်း အမွေးနုကလေးများ ရှိလေရာထိုအမွေးနုကလေးများသည် ပွင့်ဖတ်တစ်ခုနှင့် တစ်ခုကိုဆက်စပ်ထားလေသည်။ ပွင့်ဖတ်၏အနားသည် အတွန့်ကလေးများ ဖြစ်လေသည်။ သပွတ်နက်၏ အသီးသည် မှည့်သည့်အခါ တစ်လက်မခန့်ရှည်၍ ထိပ်ချွန်သောဘဲဥပုံဖြစ်သည်။ အသီးတွင် မွေးနုကလေးများ ဖုံးလွှမ်းလျက်ရှိ၍ အသီးတစ်လုံးတွင် အစေ့လေးစေ့ပါဝင်လေသည်။ သပွတ်အမည်ခံ အခြားအပင်တစ်မျိုးဖြစ်သော သပွတ်သိမ်၏ရုက္ခဗေဒအမည်မှာမီလီယူဆာရော့ဇဗာဂျီယာနာ(Miliusa roxburghiana) ဖြစ်သည်။ သပွတ်သိမ်ပင်များကိုမြန်မာနိုင်ငံ၊ဆစ်ကင်ပြည်နယ်၊ အာသံပြည်နယ်နှင့် ခါစီတောင်တန်းတို့တွင် အမြင့်ပေ ၂ဝဝဝရှိဒေသများအထိ ပေါက်ရောက်သည်ကိုတွေ့ရသည်။ ထိုအပင်မျိုးသည်အမြင့်ပေ ၅ဝ အထိကြီးမားနိုင်ကြသည်။ အကိုင်းနုများတွင် နူးညံ့သောအမွေးများရှိသည်။အရွက်သည် ရှည်လျားလျားဖြစ်၍ လှံသွားကဲ့သို့ ထိပ်ချွန်သော ပုံသဏ္ဌာန်ရှိသည်။ အရွက်၏အလျားသည် သုံးလက်မ မှခြောက်လက်မအထိရှိ၍ ဗြက်အကျယ် တစ်လက်မမှ နှစ်လက်မအထိဖြစ်သည်။ အရွက်၏ အပေါ်ဘက်သည် ပြောင်ချော နေ၍ အောက်ဘက်တွင်မူ အမွေးနုများ ရှိလေသည်။ အပွင့်တွင်ပွင့်ချပ်သုံးခုပါရှိရာ ယင်းတို့သည် အစိမ်းရောင်ဖြစ်သည်။ အပွင့်၏အပြင်ပွင့်ဖတ်တို့သည် အစိမ်း ရောင်ဖြစ်သော်လည်း အတွင်းပွင့်ဖတ်တို့သည် အစိမ်းရင့်နှင့် အနီရောင်ရောနှောနေသည်။ အသီးမှည့်တို့သည် လုံးဝန်း၍ အချင်း ၁/၄ လက်မရှိသည်။ အသီးတစ်လုံးတွင် အစေ့တစ်ခု၊ တစ်ခါတစ်ရံနှစ်ခုပါတတ်လေသည်။

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ