dcsimg

မာဆူးပီးယယ် ( Burmese )

provided by wikipedia emerging languages

အချင်းမပါဘဲ​ သားဖွားသော နို့တိုက်သတ္တဝါ သားပိုက်ကောင်၊​ ကွားလားကောင် တို့ကို မာဆူးပီးယယ် ဟု ခေါ်ကြသည်။​ မွေးကာစ သားပေါက်ငယ်ကို မိခင်၏ ဝမ်းနှင့် တစ်ဆက်တည်းရှိသော အိတ်ငယ်အတွင်း နေထိုင်စေသည်။​ မွေးကာစ သားပေါက်ငယ်သည် အမွေးမရှိ၊ ကိုယ်အင်္ဂါစုံ မဖွံ့ဖြိုးသေးဘဲ သားပိုက်အိတ်အတွင်းမှ မိခင်နို့ရည်ကို သုံးဆောင်ပြီး ဆက်လက်ကြီးထွားရသည်။ အချင်းမရှိသောကြောင့် မိခင်လောင်းသည် သန္ဓေသားကို မြန်ဆန်ပေါ့ပါးစွာ မွေးဖွားနိုင်သည်။ မွေးဖွားပြီးသား ကလေးငယ်ကို သွားလေရာခေါ်ဆောင်နိုင်သောကြောင့် သဘာဝဘေးနှင့် အခြားသတ္တဝါများ၏ အန္တရာယ်မှာ ကောင်းစွာကာကွယ်ပေးနိုင်သည်။​ သားပေါက်ငယ်သည်လည်း မိခင်ဝမ်းအိတ်ထဲမှ နေ၍​ အပြင်လောကကို လေ့လာစူးစမ်းရင်း ဆက်လက်ဖွံ့ဖြိုးခွင့် ရသည်။

မာဆူးပီးယယ် (marsupial) ဆိုသည်မှာ သားပိုက်အိတ် ၏ သိပ္ပံအခေါ် (marsupium) မှ ဆင်းသက်လာချင်း ဖြစ်သည်။ မြန်မာအခေါ်ဖြင့် သားပိုက်ကောင် ဟု အသိများသော Kangaroo များသည် အကောင်အကြီးဆုံး သားပိုက်ကောင်အမျိုးအစား ဖြစ်ပြီး ဩစတြေးလျတိုက်တွင် နေထိုင်ကြသည်။​ အခြား သားပိုက်ကောင် အမျိုးအစားများမှာ ကွားလားကောင် နှင့် မြန်မာအမည် မရှိသေးသော ဝါလာဘီ wallabies ၊ပိုဆမ် possums ၊ အိုပိုဆမ်opossums ၊ ဝမ်ဘက် wombats ၊ နှင့် တက်စမေးနီးယမ်းဒဲဘယ်လ် Tasmanian devils ကောင်များ ဖြစ်သည်။​

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ